Thursday, March 29, 2012

စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့၏ အောင်နိုင်ရေး ဖျော်ဖြေရေး


 28.3.2012 နေ့ က စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့၏အောင်နိုင်ရေး ဖျော်ဖြေရေး 
များပြု လုပ်လျှက်ရှိရာ မြို့ခံလူထုများကလည်းမြို့လုံးကျွတ်မျှတက်တက်ကြွကြွပါဝင် ပျော်ရွှင်ကြပြီး၊
လမ်းတိုင်းစိအကျွေးအမွေးများဖြင့်ဧည့်ခံကြရာ တမြို့လုံးခွပ်ဒေါင်းအလံများဖြင့်ရဲ ပဒေါင်းခတ်ကာ 
အမေစုသီချင်းများမိုးကောင်းကင်မှဖွင့်နေသည့်အလား နေရာတိုင်းတွင်ပြန့်နှံ့လျှက်မင်္ဂလာအပေါင်း  
နှင့်ပြည့်စုံသော စစ်ကိုင်းမြို့ဖြစ်နေပါတော့သည်။
 ညနေပိုင်းတွင်လည်း ရုပ်ရှင်၊ဂီတအနုပညာရှင်များ၏အောင်နိုင်ရေးဂီတဖျော်ဖြေပွဲကိုဧရာဝတီမြစ်
ကမ်းဘေးသဲသောင်ပြင်တွင်ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးဝင်းတင် 
လာရောက်ချီးမြှာက်ပြီး ထောက်ခံမဲပိုင်ရှင်သိန်းနှင့်ချီသောစစ်ကိုင်းလူထုပရိသာတ်ကြီး၏ 
ပျော်ရွှင်တက်ကြွသောဟစ်အော်သံများမှာဧရာဝတီမြစ်ရေများပင်လှုပ်ခတ်သွားသည့်အလား
ထင်မှတ်ရပါတော့သည်။