Wednesday, November 12, 2014

PR စနစ်ကို ဆန့် ကျင်တဲ့ လှုပ်ရှားမှု ရန်ကုန်မြို့  လှည်းတန်းမှာ ပြည်သူတွေ ဆန္ဒထုတ်ဖော်

၂၀၁၄-၁၁-၁၂
ရန်ကုန်လှည်းတန်းမှာ PR စနစ်ကို ဆန့် ကျင်တဲ့ လှုပ်ရှားမှု ပြည်သူတွေက
ပြုလုပ်ခဲ့ပါတယ်။PR စနစ်ဟာ အာဏာရှင်ကို သက်ဆိုးရှည်အောင် သက်တမ်း
ဆက်ပေးမသည့် စနစ်ဖြစ်ပြီးလာမည့် ၂၀၁၅မှာ ကြံခိုင်ဖွံ့ ဖြိုးရေးပါတီ အရှုံးနဲ့ 
ရင်ဆိုင်ရမှာကို စိုးရိမ်ပြီး၊ ပြည်သူထောက်ခံမှုအားကောင်းလာနေတဲ့ ပြည်သူ့ ပါတီ
NLD အပြတ်အသတ်အနိုင်မရနိုင်အောင် လုပ်ကြံတဲ့ရွေးကောက်ပွဲစနစ်ဖြစ်ပြီး
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမရှိပဲ လွှတ်တော်ကိုတင်သွင်း၍ လွှတ်တော်က
ဆွေးနွေးခွင့်ပြုခဲ့တာဟာ လွှတ်တော်ဥက္ကဌသည် တရားဥပဒေစိုးမိုးမှုကို ဆန့် ကျင်
ရာရောက်နေပြီး အခြေခံဥပဒေသည် အာဏာရှင်များအလိုကျ အသုံးချနေကြောင်း ထင်ရှားလာနေသည်။ထိုနောက် နိုင်ငံရေးပါအားလုံးကို မထိလေးစားလုပ်ရာရောက်
နေပြီးအာဏာရှင်များလွှတ်တော်တွင် လွမ်းမိုးလျှက်ရှိသည်ကို တွေ့ မြင်နိုင်သည်။
PR စနစ်သည် အိုမင်းရင့်ရောလာသည့် ညောင်ပင်အိုကြီးကို ညောင်ထောက်သကဲ့
သို့  အသုံးမကျသည့် အာဏာရှင်များကို အသက်ဆက်ပေးမည့် PR ရွေးကော်ပွဲ
စနစ်ဖြစ်ပြီး ပြည်သူများကလက်မခံ၊၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်ပေးဖို့  တိုင်းနယ်ပြည်နယ်အသီးသီးတွင် ပြည်သူ့ ဆန္ဒကိုဖော်ထုတ်လာနေကြသည်။


မြသိန်း