Saturday, November 8, 2014

အလွတ်သတင်းထောက် ကိုပါကြီး သတ်ခံရမှု မသင်္ကာဖွယ် ဒါဏ်ရာများတွေ့ ရှိသဖြင့် နိုင်ငံတကာကနေ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုဖို့ လိုအပ်


 ၂၀၁၄-၁၁-၈
အလွတ်သတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် သတ်ခံရမှု  မသင်္ကာ စရာအချက်များ
တွေ့ ရှိရပါတယ်။အောက်တိုဘာလ ၂၆ ရက်နေ့ က ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၄ ရက်နေ့ မှာ
သေဆုံးကြောင်း နေပြည်တော်မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ကိုပါကြီး၏ ဇနီဖြစ်သူမသန္တာမှ
ဖမ်းဆီးထားသော စစ်တပ်ကို လိုက်လံစုံစမ်းမေးမြန်းတဲ့အခါ တာဝန်ရှိသူတွေမှ တွေ့ ခွင့်ပေး
မယ်ပြောပြီးမတွေ့ ခဲ့ရပါဘူး။တကယ်လို့ တစုံတရာ ပြစ်မှုရှိတယ်ဆိုရင် ထိုအချိန်ထဲက အခြေ
အနေတွေကို ပြောပြရမှာဖြစ်ပေမဲ့ စစ်တပ်ကဘာမှ ပွင့်ပွင့်လင်းလင်းဖွင့်မပြောခဲ့ပါဘူး
ထိန်ချန်ထားခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ တလနီးပါးကြာမှ အစိုးရက သေနတ်လူ့ ပြေးလို့  ပစ်သတ်ခဲ့ရတယ်လို့ 
ထုတ်ပြန်ခဲ့တာဟာ ရိုးသားမှုမရှိတာကိုတွေ့ ရပါတယ်။ သေနတ်လုထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်ကို အချိန်ယူပြီး အကွက်ကျကျ ထုတ်ပြန်ခဲ့တာဖြစ်လို့  ပြည်သူတွေဟာ
မကြေနပ်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။

ကိုပါကြီးအလောင်းကို နိုဝင်ဘာ ၅ ရက်က မိသားစုနှင့် တာဝန်ရှိသူများရှေ့တွင် ပြန်လည်တူး
ဖော်နေစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည့်
ကိုပါကြီး၏ ရုပ်အလောင်းကို ပြန်လည်တူးဖော်ပြီးနောက် ကိုပါကြီးသည် မသေဆုံးမီညှဉ်းပန်း
နှိပ်စက်ခံခဲ့ရသည်ဟု သံသယပိုမိုကြီးထွားလာခဲ့သည်။

ဒေါ်နော်အုန်းလှ
ကိုပါကြီး၏ မိတ်ဆွေဖြစ် သူ ဒေါ်နော်အုန်းလှသည်လည်း အစိုးရထုတ်ပြန်ချက်အပေါ် သံသယ၀င်သူတစ်ဦးဖြစ်သည်။ ကိုပါ ကြီး၏ ရုပ်အလောင်းတွင် ဦးခေါင်းပိုင်းပွင့်နေခြင်း၊
 မေးရိုးပြားနေခြင်း၊ ညာဘက်နံကြားပိန်ချိုင့်နေခြင်း၊ ဗိုက်တင်းကားနေခြင်း၊ ခြေထောက်တွင်
 အညိုအမည်း ဒဏ်ရာများတွေ့ရှိခြင်းစသည့် သံသယဖြစ်စရာမြင်ကွင်းများတွေ့ မြင်ခဲ့ရကြောင်း
 ဒေါ်နော်အုန်းလှ ကပြောသည်။



မန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် ကလည်း စုံစမ်းစစ်ဆေးမူတွေလုပ်နေပြိး ပစ်ခတ်မူမှာ ပါဝင်တဲ့စစ်တပ် ၃ တပ်က တာဝနှ်ရှိသူတွေကိုလည်း မေးမြန်းစစ်ဆေးနေဆဲဖြစ်တယ်လို့
ဆိုပါတယ်။ မူခင်းဆရာဝန်တွေရဲ့ ရင်ခွဲစမ်းသပ်ချက်အရကတော့ ကိုပါကြီးဟာ သေနတ်
ဒဏ်ရာကြောင့် သေဆုံးတယ်လို့အတည်ပြုခဲ့ပြီး သေဆုံးတဲ့ ကာလဟာ ၃ပတ်ခွဲနဲ့ ၄ပတ်
 နီးပါးကြားမှာ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ခန့် မှန်းပြောဆိုထားပါတယ်။

ဦးစစ်မြိုင်
ကိုပါကြီးကို ဖမ်းသွားတဲ့ တပ်ကိုရော စစ်ပါသလား။ ကာယကံရှင်တွေနဲ့ရော တွေ့ရပါ
သလား။“တွေ့ပါတယ်။ တိုက်ရိုက်သက်ဆိုင်တဲ့ ကာယကံရှင်ကိုလည်း ကျနော်တို့ စစ်ပါတယ်။
 သူနဲ့ ဆက်စပ်နေတာ တပ် ၃ တပ်လောက် ရှိပါတယ်။ အဲဒီ ၃ တပ် စလုံးက အရာရှိတွေ
 ဆရာတွေ ကျနော်တို့ ခေါ်စစ်ပါတယ်။”ကိုပါကြီးကို ပစ်လိုက်တယ်ဆိုတဲ့ စစ်သားကိုရော
စစ်ရလား။ ရဲဘော် မဟုတ်ဘူးဗျ။ သူက ဆရာဗျ။ ဒုတပ်ကြပ်။ ကျနော်တို့ စစ်ပြီး
ပါပြီ။ စစ်ဆေးနေတုန်းပဲဗျ။ ဒါတွေက ဘယ်လောက်မှန်လဲ ပြောဖို့က မခိုင်လုံသေးဘူး။
ကျနော်တို့ သက်သေတွေ ထပ်စစ်ရဦးမယ်။

Bob Dietz
“ဘယ်သူက သေနတ်နဲ့ပစ်တယ်၊ သူ့ကိုဘာ့ကြောင့် သတ်တယ်၊ တကယ်တမ်း ဘာဖြစ်ခဲ့တယ် ဆိုတာတွေကို အစိုးရက ဖော်ထုတ်ချင်ပုံမရပါဘူး။ အစိုးရဘက်က ခုခံကာကွယ်ပြောတာတွေပဲ
 ကျနော်တို့ ကြားရပါတယ်။ သူဟာ သတင်းထောက် မဟုတ်ဘူး၊ သူဟာ သူပုန် စသည်အားဖြင့်ပါ။ သတင်းထောက်တယောက်ကို အတော်လေး သွေးအေးအေးနဲ့ သတ်ပစ်လိုက်တယ် ဆိုတာကို ငြင်း
ဖို့ပဲ ကြိုးစားနေပါတယ်။” လို့ CPJ အဖွဲ့က အာရှအစီအစဉ် လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ဗွီအိုအေကို ပြောပါတယ်။
အစိုးရ စစ်တပ်ဟာ အရင်ခေတ်ကလိုပဲ သူတို့ဘာပဲလုပ်လုပ် ဘာအကျိုးဆက်မှ မခံရဘဲ ဘယ်သူ့
ကိုမှ တာဝန်ခံဖို့ မလိုဘူးဆိုတာမျိုး ယူဆနေတုန်းပဲလို့ သူထင်တဲ့ အကြောင်း Bob Dietz ကပြော
ပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတခုရဲ့ လုပ်ဆောင်ပုံ မဟုတ်ဘူး လို့လည်းသူကဆိုပါတယ်။
 မြန်မာနိုင်ငံရဲ့ တရားရေးစနစ်၊ စစ်တပ်နဲ့ အစိုးရတို့ကို ယုံကြည်လို့မရတဲ့အတွက် နိုင်ငံတကာက
နေ စုံစမ်းစစ်ဆေးမှု လုပ်ရမယ်လို့ Bob Dietz ကပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း
နေရာတိုင်းက ဂျာနယ်လစ်တွေ၊ မီဒီယာလုပ်သားတွေအတွက် စိတ်ချလုံခြုံတဲ့ ဝန်းကျင်တရပ် ကူညီဖန်တီးပေးမယ့် ကုလသမဂ္ဂရဲ့ လုပ်ငန်းအစီအစဉ် ကျနော်တို့မှာ ရှိပါတယ်။
တရားလက်လွတ်မှုတွေကို ရပ်တံ့စေခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို
ကျနော်တို့ နက်ရှိုင်းစေပါမယ်။ ဆွေးနွေးပြောဆိုမှုကို အားမြှင့်စေပါမယ်။ လူ့အခွင့်အရေးကို
 ကျနော်တို့ ဖွံ့ဖြိုးစေမယ်။ လူ့အဖွဲ့အစည်းတွေကို အားကောင်းစေပါမယ်။
 ဘယ်နေရာက ဂျာနယ်လစ် တဦးတယောက်မှ သတင်းပေးပို့ဖို့ သူတို့အသက်ကို
မရင်းသင့်ပါဘူး။ ဂျာနယ်လစ်များအတွက် ကျနော်တို့ အတူတကွ ရပ်တည်ကြပါစို့။
 တရားမျှတမှုအတွက် ကျနော်တို့ ရပ်တည်ကြပါစို့။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်မှ ပစ်သတ်မှုဟာ နိုင်ငံတကာက သံတယရှိနေ
ကြပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်ဆိုပြီး
ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ စစ်တပ်ကကြီးဆိုးနေသည်။ 
ဥပဒေတွေကိုအလေးမထားဘဲ စစ်တပ်က လက်လွတ်စပယ် လူတစ်ယောက်ရဲ့ အသက်ကို
တိရိစ္ဆာန်သဖွယ် ရက်ရက်စက်စက် သေနတ်ဖြင့် ၅ ချက် ပစ်သတ်ဖမ်းဆီးခြင်းသည်။
 တည်ဆဲ ပြစ်မှုဆိုင်ရာဥပဒေတွေမှာ ရဲဖြစ်ဖြစ်၊ စစ်တပ်ဖြစ်ဖြစ် စစ်ဆေးခံရသူကို
 ညှဉ်းပန်းနှိပ်စက်ခွင့်ပေးမထားပါ။ တင်းထောက်မဟုတ်ဘဲ လက်နက်ကိုင်ဆိုရင်လည်း
စစ်သုံ့ပန်းဆိုင်ရာ ဂျနီဗာ သဘောတူစာချုပ်အရ ပစ်သတ်ဖမ်းဆီးခွင့်ပြုမထားပါ။ မေးစေ့ကို
အနီးကပ် ပစ်ထားသည်ဆိုသော သေနတ်ဒဏ်ရာအပါအဝင် စုစုပေါင်း ငါးချက် မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို ဆေးဘက်ဆိုင်ရာမှုခင်း ကျွမ်းကျင်၊ လူ့အခွင့်အရေးကော်မရှင်
တို့ ထုတ်ပြန်ချက်သည် ပွင့်လင်းမြင်သာ ရိုးသားရှင်းလင်းဖို့ လိုအပ်သည်။

သတင်းသမားများအား နှစ်ရှည် ဖမ်းဆီးထောင်ချခြင်းနှင့်အလွတ်တန်းသတင်းထောက် ကိုပါကြီး
 သေဆုံးမှုတို့အပေါ် သတင်းမီဒီယာများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပြီး
သတင်းလွတ်လပ်ခွင့်နှင့် လူ့ အခွင့်အရေးချိုးဖေါက်ခံနေရမှုတို့  မြန်မာနိုင်ငံမှာရှိနေဆဲဆိုတာ
ပြသဖို့ လိုအပ်လာပါသည်။ သတင်းမိဒီယာများနှင့် ပြည်သူများပူးပေါင်း၍ အမေရိကန်သမ္မတ
အိုဘားမားနှင့် နိုင်ငံတကာ ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်တွင်
 နိုင်ငံတကာကနေ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့ ဆန္ဒထုတ်ဖော်ရန်လိုအပ်ကြောင်း 
တိုက်တွန်းအပ်ပါသည်။

မြသိန်း