Wednesday, November 12, 2014

ဂျပန်နိုင်ငံအစိုးရ ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့  ပါတီပေါင်းစုံလေ့လာမှုတွေပြုလုပ်နေ

၂၀၁၄-၁၁-၁၂
ဂျပန်ဝန်ကြီးချုပ် အာဘဲ ရှင်းဇိုး သည် တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပနေသည့် APEC
 အစည်းအဝေး တက်ရောက်နေချိန်တွင် ဂျပန်နိုင်ငံအတွင်း လွှတ်တော် ဖျက်သိမ်းပြီး
 ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ဖို့  လေ့လာမှု တွေ ရှိလာနေသည်ဟုသိရသည်။
အစိုးရ ပါတီဖြစ်သည် JIMINTO ပါတီမှ ပြောကြားမှုပေါ် အခြေခံကာ အတိုက်အခံပါတီ

များမှ လွှတ်တော်ဖျက်သိမ်း ရန်တောင်ဆိုမှုများရှိလာနိုင်သည်။

ဝန်ကြီးချုပ် အာဘဲသည် အစိုးရဖြစ်လာချိန်တွင်စီးပွားရေး ပြောင်းလဲမှုများကိုပြုလုပ်ခဲ့ရာ
 နိုင်ငံတော်ဘဏ်မှ ငွေအမြောက်အများကို ရင်းနှီးမြုတ်နှံမှုပြုခဲ့သော်လည်း အထိုက်အလျှောက်တိုးတက်ခဲ့ပြီးနောက် လုပ်ငန်းရှင်များ စီးပွားရေးကျဆင်းမှု ဝယ်ခွန်
 ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှု ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းလာမှုများကို ဝင်ငွေစစ်တမ်း
ကောက်ယူခဲ့ရာတွင် ကျဆင်းနေကြောင်း သိရှိရသည်။စီးပွားရေးကျဆင်းလာနေမှု အခြေအနေ
များကြောင့် လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက် ပွဲပြန်လည်ပြုလုပ်ရန် တောင်းဆိုမှုအသံများ
ထွက်ဖေါ်လျှက်ရှိနေသည်။

တရုတ်နိုင်ငံ APEC အစည်းအဝေးသို့ ရောက်ရှိနေသည့် အာဘဲ ဝန်ကြီးချုပ်မှ
၂၀၁၄-၁၁-၁၁ ရက်နေ့  အစိုးရဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပြီး
၁၇ ရက်နေ့  ဂျပန်နိုင်ငံပြန်ရောက်မှ ပြန်လည်သုံးသတ်မည်ဟုပြောကြားလိုက်သည်။

နိုင်ငံရေးနယ်ပယ်မှသုံးသတ်ချက်အရ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ဖျက်သိမ်းဖို့ ပြင်ဆင်လာနိုင်
ကြောင်း ၂၀၁၅- ၁ လပိုင်းတွင် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လာနိုင်ကြောင်း ၁ လပိုင်
ကုန်လောက်တွင် အစိုးရဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရန် အခြေအနေများကြောင်း
 နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုနေကြသည်။

မြသိန်း
ဂျပန်နိုင်ငံပြည်တွင်းသတင်းများမှ