Monday, November 3, 2014

ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ကူညီမည်။ ပြည်သူလူထုကိုလည်း အကာအကွယ်ပေးမည်။



၂၀၁၄-၁၁-၃
ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဥပဒေ
အထောက်အကူပြုအဖွဲ့ အား ဥပဒေကြောင်းအရ အကြံဥာဏ်ပေးပါရန် ကမ်းလှမ်းလာခြင်းအား ၂ရက်၊နိုဝင်ဘာ ၂၀၁၄ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကဘဘဦးတင်ဦးဧ။်
 နေအိမ်တွင်ကျင်းပသည့် ဗဟိုဥပဒေအထောက်အကူပြု (ပုံမှန်) အစည်းအဝေးက လက်ခံကူညီဆောင်ရွက် ပေးရန်သဘောတူကြောင်းဆုံးဖြတ်ခဲ့သည်။

၂၀၀၀ခုနှစ်မတိုင်ခင်က ဗဟိုလူမှုထောက်ကူအဖွဲ့ ဖွဲ့ စည်းအပြီးတွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အားဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။ ဗဟိုဥပဒေ
အထောက်အကူပြုအဖွဲ့ သည် အဖွဲ့ ချုပ် ဥပဒေပညာရှင်များနှင့် ပြင်ပမှ ဒီမိုကရေစီရေး
ထောက်ခံအားပေးနေသည့် ရှေ့ နေပညာရှင်များနှင့် စုစည်းဖွဲ့ စည်းထားပြီး ယခင်က နိုင်ငံရေး အရတရားစွဲဆိုခံထားရသူများကို အကာအကွယ်ပေးကူညီရန်ဖွဲ့ စည်းထားခြင်းဖြစ်သည်။
ယခုကျင်းပသည့်အစည်းအဝေးတွင် ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ အနေနှင့်နိုင်ငံရေး
အရတရားစွဲဆိုခံထားရသူများသာမက ပြည်သူလူထုအား ဥပဒေကြောင်းအရ အကာအကွယ်
ပေးကူညီသွားရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဘဘဦးတင်ဦး ဦးဆောင်သည့် ဗဟိုဥပဒေအထောက်
အကူပြုအဖွဲ့ သည် ၄င်းတို့ ကူညီဆောင်ရွက်ပေးမည့် နည်းလမ်းများ၊ အမှုအခင်းများနှင့်၊ ဆက်သွယ်ရမည့်နည်းလမ်းများပါရှိမည့် ညွှန်ကြားချက်တစ်စောင်ကို ၃ရက် နိုဝင်ဘာ၊ ၂၀၁၄ တွင်ထုတ်ပြန်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ ကိုအောက်ပါအတိုင်း ဖွဲ့ စည်းထားသည်။
ဥက္ကဌ ဘဘဦးတင်ဦး
အထူးအကြံပေး- ဘဘဦးကြည်ဝင်း
အတွင်းရေးမှူး - ဦးဥာဏ်ဝင်း (ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်၊ ပြောခွင့်ရပုဂ္ဂိုလ်)
အဖွဲ့ ဝင်များ မှာ
ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်)
ဦးဝင်းမြင့် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်)
ဒေါ်ခင်ဌေးကြွယ် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်)
ဦးကြည်ဝင်း (လပ္ပတ္တာ)
ဦးကိုနီ
ဦးကျော်ဟိုး
ဦးအောင်သိန်း
ဦးမောင်ဖေတင်
ဦးဌေးဦး
ဦးခင်မောင်ချို
ဦးဝင်းဆွေဦး
ဦးတက်ဝင်းမြိုင်
ကိုကျော်စိုးလင်း တို့ ဖြစ်ကြသည်
Nld Central