Friday, November 14, 2014

အိုဘားမား ပြောကြားသည့်မှတ်သားဘွယ် စကား

၂၀၁၄-၁၁-၁၄

မြန်မာတပ်မတော် အနေနှင့်လည်း နိုင်ငံရေးကင်းရန် လိုအပ်သည်ဟူသော အချက်ကို အိုဘားမားက ဆွေးနွေးခဲ့"သူရဲ့ နိုင်ငံမှာ ဆိုရင် လုံခြုံရေး ယူထားတဲ့ ၀န်ထမ်းတွေကို နိုင်ငံရေး စကားလုံးဝမပြောဖို့  တားမြစ်ထားတယ် ၀န်ထမ်းတွေကလည်း နိုင်ငံရေးစကားလုံးဝမပြောဘူးလို့  အိုဘားမား ပြောကြားခဲ့သည်။  (အိုဘားမားပြောကြားချက်မှ)
-------------------------------------------------------------------------
မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ဟာ အရေးကြီးတဲ့
အခန်းကဏ္ဍတခုမှာရှိနေပါတယ်။တပ်မတော်အနေနဲ့  သမိုင်းအစဉ်အလာများကို ထိမ်းသိမ်းရမှာ
ဖြစ်ပြီး နိုင်ငံတကာအဆင့်မှီ တပ်မတော်ဖြစ်ဖို့ နဲ့  အတွေးအခေါ်အသိဥာဏ်ပညာများတိုးတက်ဖို့ 
လိုအပ်ပါတယ်။ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ တပ်မတော်ဟာ နိုင်ငံလုံခြုံရေးနဲ့  ကာကွယ်
ရေးအတွက် အလေးထားဆောင်ရွက်ကြသလို နိုင်ငံရေးကင်းရှင်းပြီး ၀င်ရောက်ဖက်စွပ်ခြင်းမရှိပဲ
နိုင်ငံဝန်ထမ်းတာဝန်ကို ကျေပြွန်စွာထမ်းဆောင်ကြတာကို တွေ့ ရပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမှာ ၀န်ထမ်းများ မပါဝင်ရန် တားမြစ်ထားပြီး ဥပဒေဟာ တပြေးညီ
 ဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်၏ လစာကိုစားသော တပ်မတော်ဝန်ထမ်းများဟာ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် စီပွားရေး လုပ်ငန်းတွေနဲ့  လွှတ်တော်တွင်းမှာ ၂၅ % ပါဝင်ဖက်စွပ်ကာ သြဇာအရှိန်အ၀ါနဲ့  အာဏာရှင်ဖြစ်နေတာကိုတွေ့ ရပါတယ်။ ပြည်သူ့ ဝန်ထမ်း
တွေကို မပါဝင်ရလိုဆိုထားသော်လည်း တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်ကဏ္ဍမှ ပါဝင်နေခြင်းသည် အစဉ်အလာကြီးမားသည့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေ
သလို နိုင်ငံရဲ့  ဂုဏ်သိက္ခာလည်းထိခိုက်လာနေတယ်ဆိုတာ အမေရိကန် သမ္မတက
 ယဉ်ကျေးစွာ ထောက်ပြပြောဆိုသွားခြင်းဖြစ်ပါတယ်။

မြသိန်း