Monday, November 24, 2014

နေပြည်တော် ဥတ္တရသီရီမြို့နယ်တွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသူ/သားများအား လစဉ်ပညာသင် ထောက်ပံငွေ ပေးအပ်ပွဲ





(၂၃.၁၁.၂၀၁၄)နေ့လည်(၁)နာရီ/ရွှေနံသာရပ်ကွက်၊ဥတ္တရသီရိမြို့နယ်။နေပြည်တော်ဥတ္တရသီရီမြို့
နယ်တွင်းရှိအခြေခံပညာအလယ်တန်းနှင့်အထက်တန်းဆင့်ကျောင်းသူ/သားများအားလစဉ်ပညာသင်
 ထောက်ပံငွေ ပေးအပ်ပွဲအခမ်းအနားကို ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက်ဓမ္မာရုံခန်းမ၌
(၂၃.၁၁.၂၀၁၄)ရက်တနင်္ဂနွေနေ့ နေ့လည်(၁)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များဖြစ်သော
 ဒေါက်ဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
 ဒေါက်တာမျိုးအောင်(ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
 ဒေါက်တာအောင်မိုးညို(ပွင့်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
 ဒေါက်တာဒေါ်မေ၀င်းမြင့်(မရမ်းကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
ဗဟိုကော်မတီဝင်များဖြစ်သော ဦးအောင်စိုး(လောင်းလုံး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်ငံလင်း(ဒက္ခိဏသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊( ဥတ္တရသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နေပြည်တော်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဦးမင်းသူနှင့် နေပြည်တော် ကောင်စီနယ်မြေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော်ခရိုင် နာယကများနှင့်အမှုဆောင်များ၊နေပြည်တော်(၈)မြို့နယ် ဥက္ကဋ္ဌများ၊ဥတ္တရသီရိမြို့နယ် အမှုဆောင်များ၊
ရပ်/ကျေးအဖွဲ့ဝင်များ၊ကျောင်းသားမိဘ အုပ်ထိမ်းသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒေါက်တာဇော်မြင့်မောင်၊ဦးနိုင်ငံလင်း၊ဦးမင်းသူတို့မှ ပညာရေးဆိုင်ရာများ
ဟောပြော ဆွေးနွေး ရှင်းလင်းကြပြီး အထက်တန်းဆင့်ကျောင်းသား/သူ (၃၉)ဦးအား တဦးလျှင် ထောက်ပံငွေ ကျပ်နှစ်သောင်း(၂၀၀၀၀ိ/-)၊အလယ်တန်းဆင့် ကျောင်းသား/သူ (၆၂)ဦးအား တဦးလျှင် ထောက်ပံငွေ ကျပ်တစ်သောင်း(၁၀၀၀၀ိ/-) စုစုပေါင်း ကျောင်းသား/သူ (၁၀၁)ဦးအား ထောက်ပံငွေပေါင်း(ကျပ် တစ်ဆယ့်လေးသိန်း-၁၄၀၀၀၀၀ိ/-)ကို
 နိုဝင်ဘာလအတွက် ပေးအပ် ထောက်ပံခဲ့ကြပါသည်။