Saturday, November 15, 2014

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်သမ္မတ အားပေးကူညီမည်


၂၀၁၄-၁၁-၁၅

 အမေရိကန် သမ္မတ ဘားရက် အိုဘားမားနဲ့  အရှေ့ တောင်အာရှမှ လူငယ်တွေအပါအ၀င်
 မြန်မာလူငယ်ပေါင်း ၅၀၀ နဲ့  ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ တွေ့ ဆုံပြီး လူငယ်တွေဟာ
တိုင်းပြည်အားလုံးရဲ့ အနာဂတ်ဖြစ်ပါတယ်။ပြောင်းလဲမှုတွေ မြင်တွေ့ နေရပါပြီ၊ပြောင်းလဲမှုဆိုတာ
နေ့ ချင်းညချင်း မြင်တွေ့ ရမှာမဟုတ်ပါဘူး၊ခရီးလမ်းတလျှောက်မှာ နောက်ကြောင်းပြန်တာတွေ
အခက်အခဲတွေရှိနိုင်ပါတယ်။ အမေရိကန် ဒီမိုကရေစီမှာလည်း ဒီလိုအခက်အခဲတွေ ကြုံတွေ့ ခဲ့
ရပါတယ်။ စီးပွားရေး ဖွံ့ဖြိုးလာပြီး ဒီမိုကရေစီ ပေါ်ထွန်းလာနေတဲ့ ဒီဒေသမှာ မတူကွဲပြားမှုတွေ စုံလင်ပါတယ်။  ဒီဒေသဟာ ၂၁ ရာစုကို ပုံဖော်ပေးပါလိမ့်မယ်။မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်
သမ္မတ အားပေးကူညီမည်ဟု ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လူငယ်တွေကို မြန်မာလို '''ငုတ်မိသဲတိုင် တက်နိုင် အဖျားရောက်''' ဆိုပြီးမြန်မာစကားပုံတခုကိုပြောခဲ့ပါတယ်။ မြန်မာလို ပြောတော့ လူငယ်တွေရဲ့ လက်ခုတ်သံ တဖြောင်းဖြောင်းနဲ့  အားပေးခဲ့ပါတယ်။
******************************************************************************

လက်ရှိရောက်ရှိနေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် သုံးသတ်ပြီး ဆုတ်ကိုင်မိနေ
သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်တက်
နိုင်ဖို့ အတွက် ပြည်သူ့ တွေသာအဓိကဖြစ်ပါတယ်။People Powper ဟာ လာမည့် ၂၀၁၅ အတွက်
အရေးကြီးပါတယ်။မိမိတို့ အသဲကြားက မဲတစ်ပြားကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ လိုအပ်လာပြီ
ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်နိုင်ဖို့ 
အတွက် စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ ပေါ်ပေါက်စေရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး
စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်တက်လှမ်းကာ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် NLD အပါအ၀င် ဒီမိုကရေစီအင်အားစုတွေအားကောင်းလာစေရေး ပြည်သူတွေ
ညီညီညွတ်ညွတ်နဲ့  ပြိုင်တူတွန်းလျှင် ၂၀၁၅ ဟာ ကြီးမားသော အပြောင်းအလဲကြီးတစ်ခု
ဧကန်မလွဲ ပေါ်ထွန်းလာနိုင်ပါသည်။ ထို့ ကြောင့် နိုင်ငံသားအားလုံး သမိုင်းပေးတာဝန်ကို
 ကြေပြွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြသိန်း