Monday, November 10, 2014

ပြည်သူတွေ ချစ်ခင်ကြတဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ်ခရီးစဉ်
အောင်မြင်မှုပန်းတိုင်တစ်ခု စိုက်ထူနိုင်ခဲ့


 ၂၀၁၄-၁၁-၁၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် လွိုင်ကော်မြို့ လူထုနှင့်တွေ့ 
ဆုံပွဲခရီးစဉ်ဟာ အောင်မြင်မှုများစွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ကယားပြည်သူတွေဟာ ဒေါ်အောင်ဆန်း
စုကြည်ကို လှိုက်လှိုက်လဲလဲကြိုဆိုကြပြီး လူထုတစ်သိန်းနီးပါးကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ကယားပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြတာကိုတွေ့ ရပြီး
ပြည်သူလူထုကြီးက ထောက်ခံအားပေးကြတယ်ဆိုတာ မှတ်တမ်းဓါတ်ပုံတွေကနေ သက်သေပြ
နေတာကိုတွေ့ ရပါတယ်။လူထုခေါင်းဆောင်ရဲ့  ခရီးစဉ်တိုင်းဟာ ပြည်သူတွေ သိန်းနဲ့ ချီတက်
ရောက်ပြီး အားပေးထောက်ခံခဲ့ကြတယ်ဆိုတာ မြန်မာ့ဒီမိုကရေစီသမိုင်းမှာ အောင်မြင်မှုပန်းတိုင်
တစ်ခု စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေဟာ ဖိနှိပ်အုပ်ချုပ်တဲ့  အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ချင်ကြသလို
လွတ်မြောက်ဖို့ လည်း အချိန်တန်နေပါပြီ၊ ပြိုင်တူတွန်းလျှင်ရွေ့ နိုင်မည့်အချိန်ဖြစ်လို့ 
 ပြည်သူတွေဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ စိတ်ရောကိုယ်ပါ အားတက်သရော
ဒီမိုကရေစီအင်အားစုတွေကို အားပေးလာနေကြပြီး ငြိမ်းချမ်းစွာဖြင့် ခတ်မှီတိုးတက်တဲ့
နိုင်ငံဖြစ်လာဖို့ နဲ့  စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့  သိသာထင်ရှားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်စေရန် ပြည်သူတွေရဲ့  ထောက်ခံမှုအင်အား ခွန်အား
တွေ အပြည့်ရှိနေတာကိုတွေ့ ရပါတယ်။နှစ် ၅၀ကျော် အာဏာရှင်စနစ် အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရန် သမိုင်းပေးတာဝန်
တစ်ခုအဖြစ် နိုင်ငံသားတိုင်းမှာ တာဝန်ကျရောက်လို့ လာပြီဖြစ်ကြောင်း နှိုးဆော်အပ်ပါသည်။

မြသိန်း