Tuesday, October 28, 2014

ကျောက်ပန်းတောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဒေါက်တာဇော်မြင့်မောင်၏ PR နှင့်ပတ်သက်သော
ဆွေးနွေးကန့်ကွက်ချက် မှ ကောက်နှုတ်ချက်

၂၀၁၄-၁၀-၂၈
နည်းလမ်းတစ်ခု စနစ်တစ်ခုကိုသုံးမယ်ဆိုရင် အခြခံဥပဒေကိုပြင်ဆင်ရပါမယ်။ ရွှေးကောက်ပွဲ စနစ်တစ်ခုကို တစ်ခုကနေတစ်ခုပြောင်းမယ်ဆိုရင် ကျွန်တော်တို့ သိထားသင့်တဲ့ အချက်များ
ရှိကြောင်း ရွှေးကောက်ပွဲဟာ ရိုးရှင်းရမယ် ၊ တရားမျှတမှုရှိရမယ် အရေးကြိးဆုံးက မဲဆန္ဒရှင်တွေဟာ ကိုရွေးမဲ့ လွှတ်တော်ကိုယ်စားလှယ်အပေါ်မှာ လွှမ်းမိုးမှုရှိရမည်ဟု ပညာရှင်များမှ အကြံပြုထားကြောင်း တည်ငြိမ်ခိုင်မှာတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်ဖိုလဲအရေးကြီးကြောင်း ပြည်သူကိုတာဝန်ခံမဲ့
အစိုးရတစ်ရပ်ပေါ်ပေါက်ဖို့လဲ အရေးကြီးကြောင်း အလားတူ ခိုင်မာတဲ့လွှတ်တော်ကြီးပေါ်မှလဲ အစိုးရကို စောင့်ကြပ်ခြင်းလုပ်ငန်းတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် ခိုင်မာတဲ့ ကျယ်ပြန့်စွာ
ဖွဲ့စည်းထားတဲ့ ပါတီကြီး ပေါ်ပေါက်ဖို့ အားပေးမယ်ဆိုရင် စနစ်ဟာ FPTP ဖြစ်ကြောင်း ပညာရှင်တွေပြောသွားတာနဲ့ အကိုက်ညီဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နောက်ထပ်
ရွှေးကောက်ပွဲစနစ် အသစ် မလိုအပ်သေးဘူးဖြစ်ကြောင်း ကျွန်တော်ပြောကြားချင်ပါတယ်။

National League for Democracy page တွင် NLD မှ ကိုယ်စားလှယ်များဖြစ်ကြသော

 ဦးခင်မောင်ဝင်း ၊ ဒေါ်ခင်စန်းလှိုင် ၊ ဦးဝင်းမြင့် ၊ ဦးဝင်းထိန် တို့မှ PR နှင့်ပတ်သက်သော ဆွေးနွေး ကန့်ကွက်ချက်များကိုလည်း ဖော်ပြထားပါသည်။