Tuesday, October 28, 2014

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ PR စနစ်ကန့်ကွက်ဆွေးနွေးခဲ့စဉ်

၂၀၁၄-၁၀၂၈
အောက်တိုဘာလ ၂၇ ရက်နံနက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ PR စနစ်ကန့်ကွက်ဆွေးနွေးခဲ့စဉ် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့်ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံး သပ်ရေးကော်မရှင်ရဲ့အစီရင်ခံစာဟာဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်ဆန့်ကျင်နေတာလည်း
 တွေ့ရပါတယ်။
ဥပမာ ရွေး ကောက်ပွဲပုံစံ ၃ နှင့် ၄ မှာ ပြည်နယ် ၇ပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ 
မဲဆန္ဒနယ်၃ ခု စုစု ပေါင်းမဲဆန္ဒနယ် ၁၂၆ခုကို မဲများသူအနိုင်ယူစနစ်ဖြင့် ကျင်းပပြီး တိုင်းဒေသကြီး ၇ ခုရှိမဲဆန္ဒနယ် ၂၄၉တွင် ငါးဆယ်ရာခိုင် နှုန်းအပေါင်းတစ်မဲရ ရှိသော ကိုယ်စားလှယ်လောင်းကို
 အတည်ပြုပြီး ငါးဆယ်ရာခိုင်နှုန်း အပေါင်း တစ် မရရှိသော ကိုယ် စားလှယ်လောင်းရဲ့မဲ များ
ကို ပါတီမဲအဖြစ်ပြောင်းလဲ အချိုးချပြီးကိုယ်စားလှယ်အဖြစ်ရွေးချယ်သွား ခြင်းဖြစ်ပါ တယ်။ ဒီ ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇ က အားကိုးကားပြီး တိုင်းဒေသကြီး ၇ခုနှင့် ပြည်နယ် ၇ပြည်နယ်တို့
သည် အ ဆင့် အတန်း တူညီကြသည် ဟူသည်နှင့် ကိုက်ညီသည်ဆိုတာလုံးဝမှန်ကန်မှုမရှိပါဘူး။

 ပြည်နယ်၊ တိုင်းကို ခွဲခြားကျင့် သုံး ပြီး အဆင့်အတန်းတူညီ တယ် ဆိုတာမဟုတ်ပါဘူး။ တရားမျှတ
ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါတရားများ နှင့် လည်းဆန့်ကျင်နေပါတယ် ။ FPTP စနစ်ဆို
တာ မဲများသူ အနိုင်ယူစနစ်ဆိုတာရိုးရိုးလေးပါ ။ မဲများသူကိုသာ အနိုင်ပေးရမှာ ဖြစ်ပါတယ်။ 

တိုင်းဒေသကြီးတွေမှာ မဲများသူကို အနိုင်မပေးဘဲ ငါးဆယ်ရာခိုင်နှုန်းအပေါင်းတစ် ရမှ အနိုင်ပေးမယ်။
 ပြည် နယ်မှာဆိုရင်တော့ မဲများသူကို အနိုင်ပေးမယ်ဆိုတာဟာ အဆင့်အတန်းတူပါသလား။ တန်းတူညီမျှမှုဖြစ်ပါသလား။ ဒီပုံစံ ၃ နဲ့ ၄ ဟာ ကိုယ့်ရဲ့ထင်မြင်ချက်ဖြင့် ကိုယ့်ရဲ့စိတ်ကူးအတိုင်း ကိုယ့်ဘာသာ ရေးဆွဲထားခြင်းဖြစ်ပါတယ်။ (ဦးဝင်းမြင့်)