Thursday, October 16, 2014

IRI အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ရုံးသို့ လာရောက်တွေ့ဆုံ

၂၀၁၄-၁၀-၁၆
နေ့ အောက်တိုဘာလ ၁၆ ရက် ၂၀၁၄ ခုနှစ်တွင် International Republican Institute မှ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Gretchen A. Kunze ဦးဆောင်သော အဖွဲ့ဝင်သုံးဦးသည် 
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) ရုံးသို့လာရောက်ခဲ့ပြီး ၈၈ မျိုးဆက် 
( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) မှ ကိုပြုံးချို၊ ကိုဇော်မင်း တို့ဖြင့် တွေ့ဆုံကာ လက်ရှိ
 မြန်မာပြည် နိုင်ငံရေးအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူပေါင်း ဆောင်ရွက်မှုအကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက် ပွဲလုပ်ငန်းစဉ်များ နှင့် ပတ်သက်သော အခြေအနေ၊ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်း များ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး နေ့လည် ၁၁း၃၀ မှ နေ့လည် ၁၂း၃၀ နာရီထိ တစ်နာရီကြာ တွေ့ဆုံခဲ့ကြသည်။

The 88 Generation Peace and Open Society