Saturday, October 25, 2014

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လျူဒါန်းသော (HCTA ) Hospitallity And Catering Training Academy ကျောင်းဖွင့်ပွဲကျင်းပ

၂၀၁၄-၁၀-၂၅
အောက်တိုဘာလ ၂၅ ရက် ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လျူဒါန်းသော (HCTA ) Hospitallity And Catering Training Academy ကျောင်းဖွင့်ပွဲကို ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ Dusit Thaani 
International Group မှ CEO Mr. Chanin Donavanik ( HCTA နာယက) ၊ HCTA Programme Director ဦးဇွဲနန္ဒ၊ ဧည့်သည်တော်များ အလျူရှင်များ သင်တန်းသားများနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြသည်။ အခမ်းနားတွင် ခေါ်ခင်ကြည်ဖောင်ဒေးရှင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးထင်ကျော်
မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ သင်တန်းကျောင်းဖွင့်လှစ်
ရခြင်းနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ ထိုနောက် HCTA နာယက မှ အမှာစကားပြောကြား
ပြီး၊ ဦးစွဲနန္ဒမှ HCTA ကျောင်းအကြောင်းကိုရှင်းလင်းတင်ပြခဲပြီး အခမ်းအနားကိုရပ်နားခဲ့ပြီး
 အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တို့မှ HCTA ကျောင်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နောက် သင်တန်းသားများ သင်ယူနေမှုများကို ကြည်ရှုခဲ့ကြသည်။
.
NLD Chairperson