Friday, October 24, 2014

အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးရခြင်းနှင့်ပါတ်သက်ပြီး ပြည်သူတွေ စစ်အစိုးရအပေါ် သံသယရှိ


 ၂၀၁၄-၁၀-၂၄
တစ်လနီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ)
ကိုပါကြီးကို တပ်မတော် ခြေလျှင်တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်ဆိုသူက ဖမ်းဆီး ထားခြင်းဖြစ်ပြီး မဖြေရှင်းပေးပါက တရားစွဲမည်ဟု ကာယကံရှင်၏ ဇနီး မသန္တာက မီဒီယာ
ကိုပြောသည်။စက်တင်ဘာ ၂၈ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရော မြို့နယ်တွင် အလွတ်သတင်းထောက် ကိုပါကြီးကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိသည် ဟူသော စွပ်စွဲချက်ဖြင့် မွန်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးနှင့် တပ်ရင်း ၂၀၈ မှ ဗိုလ်ကြီး စန်းမင်းအောင်က ဖမ်းဆီးသွားသော်လည်း မည်သည့်နေရာတွင် ထားရှိသည်ကို ယနေ့တိုင် 
မသိရသေးဟု ဇနီးဖြစ်သူမသန္တာက ပြောကြားသည်။

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်သုံးရောင်ခြယ်လူငယ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး နိုင်ငံ ရေးတက်ကြွတဲ့ လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူတဦးလည်းဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမြောက်အများကို ဖမ်းဆီးထိမ်းသိမ်း
ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။ ဖမ်းဆီးထိမ်းသိမ်းထားစဉ် ထောင်တွင်းနှိပ်စက်မှုများ
ကြောင့် သေဆုံးသူများ၊ဒါဏ်ရာရသူများ၊ရောဂါရရှိသူများ အများအပြားရှိခဲ့ပြီး ဟံသာဝတီ ဆရာကြီး
ဦးဝင်းတင်သည် ထောင်တွင်းရရှိခဲ့သော ရောဂါဝေသနာများကြောင့် သေဆုံးခဲ့ရသည်။

ယနေ့ အချိန်အထိ စစ်အာဏာရှင်စနစ် ရှိနေဆဲဖြစ်ပြီး ပြည်သူတွေမှာ အာဏာရှင်တို့ ၏
အကြောင်းအမျိုးပြ ဖမ်းဆီးခံနေရပြီး သေဆုံးမှုများစွာရှိခဲ့သည်။ တလကြာထိမ်းသိမ်းထားပြီးမှ
သေဆုံးကြောင်း သတင်းထုတ်ပြန်ခြင်းမှာ ရိုးသားမှုမရှိ၊ စစ်အစိုးရလက်ထက်တွင် ဖမ်းဆီး
ခံရသူများအား စစ်ထောက်လှန်းရေးများမှ ခြေလွန်လက်လွန် စစ်ဆေးပြီးမှ သေဆုံးကြောင်းအကြောင်း
ကြားခံရသူများရှိခဲ့သည်။ယခုကိုပါကြီးသေဆုံးမှုသည်လည်း စစ်အာဏာရှင်စနစ် ယနေ့ အချိန်အထိ
ရှိနေဆဲဟု အထင်အရှားသက်သေပြနေသည်။

ပြည်သူများသည် တရားဥပဒေစိုးမိုးမှုမရှိသော စစ်အစိုးရကြောင့် တရားဥပဒေ၏ အကာအကွယ်
မဲ့နေရပြီး၊ စစ်အစိုးရ၏ လူ့ အခွင့်အရေးချိုးဖေါက်ခြင်းကို ခံနေရဆဲဖြစ်သည်။