Tuesday, October 28, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည့်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မှ ပီအာ စနစ်ကန့်ကွက် ဆွေးနွေးချက်

၂၀၁၄-၁၀-၂၈

ပီအာစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ဘယ်နိုင်ငံမှာမှမရှိဘူး။ ပီအာစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရှာကြည့်ပါ။ပီအာစနစ်ကို ကျင့်သုံးမယ်ဆိုရင်   ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ ကိုယ်စားလှယ်၂၅ရာခိုင်နှုန်းရှိသင့် မရှိသင့်ဆိုတာဟာ အများကြီး စဉ်းစားဖို့ ရှိပါတယ်။ အင်ဒိုနီရှားနိုင်ငံလို တပ်မတော်က တဖြည်းဖြည်းနဲ့ လွှတ်တော်ကနေနှောက်ဆုတ်
သွားပြီး အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အပြည့်အဝပါတဲ့ စနစ်ထဲရောက်နေပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တပ်မတော်က ဒီအတိုင်းပဲ ၂၅ရာခိုင်နှုန်း ၀င်ပြီးတော့ ရှိနေမယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ တဖြည်းဖြည်း ဒီမိုကရေစီရင့်ကျက်လာသည်နဲ့အမျှ တပ်မတော်ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ လျှော့သွားမယ်ဆိုတာကိုလည်း ကျွန်တော်ယုံကြည်ပါတယ်။
ဒါကြောင့်မို့လို့ ပီအာစနစ်ကို ကျင့်သုံးသင့်တယ်လို့ ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေဟာ အဲ့ဒီပီအာစနစ်
 ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့ ကိုယ်စားလှယ်၂၅ရာခိုင်နှုန်း မရှိဘူးဆို
တဲ့အချက်ကို တင်ပြလိုပါတယ်။
27.10.2014