Friday, October 3, 2014

အစိုးရ၏ အပစ်အခတ်ရပ်ဆဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
အောင်မြင်မှုမရှိ


အောက်တိုဘာ ၁ ရက် ၊၂၀၁၄ ခုနှစ်တပ်မတော်နှင့် ကရင့်တပ်မတော် (DKBA) တို့အကြား
 ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် DKBA မှ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့ တွေ့ဆုံ ဆွေးနွေးကြမည်
ဟု DKBA မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
“စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်နှင့် ၄ နာရီခန့် အချိန်တို့တွင် သင်္ကန်းညီနောင်ရွာ
အနီး စစ်ဆေးရေးဂိတ် တစ်ခုတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားသည်ဟု DKBA က အတည်ပြုသည်။