Friday, October 24, 2014

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးကုခန်းဖွင့်ပွဲ အခမ်းအနားသို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တက်ရောက်


၂၀၁၄-၁၀-၂၄
သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၆)လပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်နှင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဖွင့်ပွဲအခမ်းအနားကို
ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်၊ နံနက် ၉း၀၀ နာရီတွင် အမှတ် ၁၁၉၊ လမ်း (၅၀) အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် အဖွဲ့ဝင်များ၊ရခိုင်ဒီမိုကရေစီအဖွဲ.ချုပ် ဦးအေးသာအောင်တို့  တက်ရောက်ခဲ့
ကြပြီး ဦးတင်ဦးနှင့် ကိုမင်းကိုနိုင်မှ အမှတ်တရ စကားပြောကြားခဲ့သည်။