Sunday, October 5, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေး

၂၀၁၄-၁၀-၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉နာရီက စတင်ကျင်းပခဲ့ရာ သဘာပတိအဖြစ် ဗဟိုလူငယ်တာဝန်ခံ ဒေါက်တာစိုးမိုးသူက
 ဆောင်ရွက်ပြီး အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ကော်မတီများအလိုက် လူငယ်ရေးရာ၊ နိုင်ငံရေးရာ ကိစ္စရပ်များအား အကျယ်တဝင့်
 ဆွေးနွေးညှိနှိုင်းကြပါသည်။ မွန်းလွဲ ၃ နာရီတွင် အဖွဲ့ချုပ်ဥက္ကဌ၊ လူငယ်ရေးရာတာဝန်ခံဖြစ်သူ
 ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေးသို့တက်ရောက်လာပြီး ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်များ
အား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးကို ညနေ ၄နာရီတွင် ပြီးဆုံးကြောင်း ကြေငြာပြီးနောက် သီတင်းကျွတ်ကာလအခါသမယတွင် အဖွဲ့ချုပ်ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်များက ဂါဝရပြုရှိခိုးကန်တော့ခဲ့ကြ
ပါသည်။
NLD