Monday, October 27, 2014

သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ် မြို့မ ရဲစခန်းမှ အမှုဖွင့်ပေးလိုက်ပြီ

၂၀၁၄-၁၀-၂၇
သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ် မြို့မ ရဲစခန်းမှ စခန်းမှူး
 ဒုရဲမှူး ဦးတင်ဦးမှ သေမှု သေခင်း အမှတ် ၁၁/၂၀၁၄ ဖြင့် (၂၆ . ၁၀ . ၂၀၁၄) ညနေ (၀၆:၀၀) နာရီ
တွင် အမှုဖွင့်ပေးလိုက်ပြီး ည (၀၇ : ၀၅) နာရီအချိန်တွင် ရဲစခန်းမှ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။
ကိုပါကြီး သေးဆုံးမှုနဲ့ပတ်သက်ပြီး ယနေ.မနက် (၉း၁၅) မိနစ် တွင် ကိုပါကြီး၏ ဇနီး မသန္တာ က
 သွားရောက်အမှု ဖွင့်ရာတွင် အမှုခြင်းကိုလက်မခံပဲ ကျိုက်မရောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး
 ဦးတင်ဦး က ငြင်းပယ်လိုက်ပြီး ထိုနေ့ နေ.လည် ၂း၃၅ မိနစ်တွင် ကိုပါကြီး၏ ဇနီး မသန္တာ ထံသို့
ဖုန်းဆက်ပြီး ကျွန်တော်တို့ စခန်းက ကိုပါကြီး အမှုကိုလက်ခံပြီးဖွင့်ပေးပါမယ် ကျိုက်မရောမြို့နယ် မြိုမ ရဲစခန်းသို့ ပြန်လာခဲ့ပါဟု ဆိုပြီး စခန်းမှူးက ဖုန်းဆက်ပြောလာခဲ့ခြင်းဖြစ်ပါသည်။

မနက်က အမှုသွားဖွင့်တော့ အထက်က မဖွင့်ပေးဖို့ပြောထားလို ဖွင့်ပေးလိုမရပါဘူးဆိုပြီပြောတယ်။
အခုအထက်က ခွင့်ပြုလိုက်လို့ ကိုပါကြီး အမှုကို လာပြန်ဖွင့်ပါဆိုပြီး ပြန်ခေါ်တာမျိုးလား ၊ဒါက
 မြန်မာပြည်ရဲ့ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေ တွေလား၊တစ်ခုခုဖြစ်ပြီဆို အထက် အမိန့် အထက် အမိန့်နဲ့ အောက်ကလူတွေဘာမှ မလုပ်တတ်တော့ဘူးလား ၊ ဘာမှမဆုံးဖြတ်နိုင် ကြတော့ဘူးလား
ဆိုတာ ယနေ့ ဖြစ်ရပ်က လက်တွေ့ ပါ။

သို.ပေမယ့် နောက်ဆုံးမှာတော့ ကျိုက်မရောမြို့နယ် မြို့မ ရဲစခန်းမှ သေမှု သေခင်း အမှတ် ၁၁/၂၀၁၄
 ဖြင့် (၂၆ . ၁၀ . ၂၀၁၄) ညနေ (၀၆:၀၀) နာရီတွင် အမှုဖွင့်ပေးလိုက်ရပြီ ဖြစ်ကြောင်း သတင်းရရှိ
ပါသည်။

သတင်းဓါတ်ပုံ- Ko Thu.