Friday, October 3, 2014

ဒလမြို့ နယ် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ ဆုံပွဲ

၂၀၁၄-၁၀-၃
ဒလမြို့ နယ် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ ဆုံပွဲကို ဒလမြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးမှာ ပြု လုပ်ကျင်းပခဲ့ပါတယ်။တွေ့ ဆုံပွဲသို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့  နှင့် AAPP ပူးပေါင်း အဖွဲ့ တို့ လဲလာရောက်ခဲ့ပြီး ဒလမြို့ နယ်တွင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများစာရင်း ကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ဒီပဲယင်း အရေးအခင်း
မှာ ပုဒ်မ ၅ည ဖြင့် အစိုးရ ရဲ့ ထောင်ဒဏ် ၇ နှစ် ချ မှတ်ခြင်း ခံ ခဲ့ ရသူ ။မေချို ရဲ့ အဝေးရောက် မိခင် ဒေါ်တင်တင်ညို ၏ ကိုယ်စားတက်ရောက်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း အဓိပ္ပါယ် ဖွင့်ဆို ချက် အရ နိုင်ငံရေး အကျဉ်းသားဟောင်း ဆိုသည်မှာ နိုင်ငံရေး ပြုလုပ်လှုပ်ရှားမှုကြောင့် နိုင်ငံရေး ရည်ရွယ်ချက် တခုခုကြောင့် အစိုးရ၏
 ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်းခြင်း အကျဉ်းချခြင်း ထောင်ချခြင်း ခံဖူးသူ ကို ဆိုလို တယ်လို့ အကြမ်း
ဖျင်း သိရပါတယ်။ဒါကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတာ ထောင်ကျဖူးသည်ဖြစ်စေ ထောင်မ
ကျ ဖူးသည်ဖြစ်စေ နိုင်ငံရေးကြောင့် အစိုးရ၏ ဖမ်းဆီးချုပ်နှောင် ထိန်းသိမ်း ခြင်းကို ခံရဖူးရင်
 နိုင်ငံရေး အကျဉ်းသားဟောင်းဘဲဖြစ်ပါတယ်။တချို့  နိုင်ငံရေး အကျဉ်းသားဟောင်းများကတော့
 ပုဒ်မ ၅ ညလို့ ခေါ်တဲ့ နိုင်ငံရေးပုဒ်မ အတပ်ခံရပြီး ထောင်ချခြင်းခံရသော်လည်း တချို့ နိုင်ငံရေး အကျဉ်းသားဟောင်းများကတော့ အစိုးရက ပုဒ်မ ၅ ည မတပ်ဘဲ အမြင်ကပ် ပုဒ်မ တခုခုတပ်ပြီး
 ထောင်ချခြင်း ခံကြရတာဖြစ်ပါတယ်။

မည်သည့် ပုဒ်မ ဘဲတပ်တပ် ရာဇဝတ်မှု ပြစ်မှု ကျူးလွန်ခြင်း မရှိဘဲ အမှန်တကယ် နိုင်ငံရေး လုပ်လို့ 
 အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် မတရားဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်း အကျဉ်းချ ခဲ့ရင်
 နိုင်ငံရေး အကျဉ်းသားဟောင်းစာရင်းမှာ အကျုံး ဝင်ပါတယ်။လယ်သမား အရေး အလုပ်သမားအရေး
 ကျောင်းသားအရေးကိစ္စ များလဲ အကျုံးဝင်ပါတယ်။မိမိ လယ် မိမိ ပြန်ရ ရေးအတွက် ထွန်တုံး
တိုက်ပွဲ ဝင် လို့ အစိုးရက တပ်မြေ ကျူးကျော်မှု နဲ့ ထောင်ချ ခဲ့ မယ်ဆို လည်း ထိုတောင်သူလယ်သမား ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းသာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ ဆုံပွဲကို ၇.၁၀.၂၀၁၄ အင်္ဂါနေ့  နံနက် ၁၀ နာရီ
မှာ ဒလမြို့ နယ် NLD ရုံး အစည်းအဝေး ခန်းမ မှာပြု လုပ် မှာ ဖြစ်ပါတယ်။ဒလမြို့ နယ်အတွင်းရှိ
 နိုင်ငံရေး အကျဉ်းသားဟောင်းစာရင်းတွင် အကျုံးဝင်သော နိုင်ငံရေး အကျဉ်းသားဟောင်း ရဲ ဘော်
မိတ်ဆွေ များအားလုံးတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။