Friday, November 2, 2012

၈၈မျိုးဆက်ကျောင်းသားများ မနက်ဖန် ထိုင်းနိုင်ငံသို့ သွားမည်

မနက်ဖြန် ( နိုဝင်ဘာလ ၂ ရက် ) မနက် ၁၀း ၀၀ နာရီမှာ ၈၈မျိုးဆက်ကျောင်းသားတချို့နဲ့ အတူ ထိုင်းနိုင်ငံကို အလုပ်သဘော ပြည်ပခရီးထွက်ဖြစ်ပါမယ်။
နိုဝင်ဘာလ ၃ ရက် နဲ့ ၄ ရက် နေ့တွေမှာ Thabyay Education Network ရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံ၊ ချာအမ်း ( Cha Am ) မြို့ကလေးမှာ ကျင်းပပြုလုပ်မယ့် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျွန်တော် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား ၇ ဦး တက်ရောက်ကြဖို့ပါ။ ပြည်ပရောက် ပညာသင် မြန်မာ   ကျောင်းသားတချို့နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ တွေ့ဆုံ ဆွေးနွေးဖြစ်ကြမှာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေကို > 88 Generation Students < FB ကနေ မနက်ဖြန်က စပြီး ထုတ်ပြန်ပေးသွားပါမယ်။ Ant Bwe Kyaw