Saturday, November 3, 2012

ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၀ ထောက်ပံ့ ကူညီ

၂၀၁၂-၁၁-၃
ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာ့ကျေးလက်ပြည်သူ အခြေပြုဖွံ့ဖြိုးရေးအတွက် ၆ နှစ် စီမံကိန်းဖြင့် ဒေါ်လာ 
သန်း ၈၀ ကို ကူညီထောက်ပံ့ပေးသွားမည်ဟု ကမ္ဘာ့ဘဏ်အုပ်စု မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က အတည်ပြုပြောကြားလိုက်ပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့   နေ့လယ် ၂ နာရီက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ မီဒီယာများနှင့် တွေ့ဆုံစဉ်    ပြောကြားလိုက်ပါသည်။ သည်ထောက်ပံ့ငွေဟာ မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိသည့် ကြွေးမြီများ မပြေလည်ခင်မှာ ထုတ်ပေးသည့် အထောက်အပံ့ဖြစ်ပြီး ကမ္ဘာ့ဘဏ်ဟာ ဂျပန်နိုင်ငံအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နှင့် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာလည်း မြန်မာနိုင်ငံ၏    ကြွေးမြီကိစ္စများကို ပြေလည်အောင် ဆောင်ရွက်နေသည်ဟုလည်း သိရှိရပါသည်။BVJ