Saturday, November 3, 2012

ဦးအောင်မင်းနှင့် ဒီမိုကရေစီမိတ်ဆွေပါတီအဖွဲ့များ တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် ဒီမိုကရေစီမိတ်ဆွေ ပါတီအဖွဲ့များ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ နံနက်၈း၀၀နာရီဝန်းကျင်တွင် ရန်ကုန်မြို့ရွှေလီ
လမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ Peace Centre၌ တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်သော အခက်အခဲပြသနာများကို ဆွေးနွေးခြင်းနှင့် ပြည်ထောင်စုစနစ်ပေါ်ထွက်လာရေ
ကိုလည်း မိတ်ဆွေပါတီများမှ လိုလားကြောင်း ပြောပြခဲ့ရာ ဦးအောင်မင်းမှ ၄င်းတို့လည်း လိုလားလျက်ရှိကြောင်းနှင့် အဆိုပါ ကိစ္စရပ်များကို နိုင်ငံတော်သမ္မတထံ တင်ပြပေးမည်ဖြစ်သည်ဟု   ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို သက်ဆိုင်ရာဝန်ကြီးများ ၊ ဒီမိုကရေစီမိတ်ဆွေပါတီ
အဖွဲ့ဝင်များ နှင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ စုစုပေါင်း ၆၀၀န်းကျင်ခန့် တက်ရောက်ခဲ့ပြီး နံနက်၁၀နာရီခွဲဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။