Friday, November 2, 2012

ဥက္ကဌနှင့်တိုင်း၊ပြည်နယ်တရားသူကြီးချုပ်များတွေ့ဆုံ

နိုဝင်ဘာ(၁)ရက်နေ့ညနေ(၃)နာရီ(၃၀)မိနစ်ကလွှတ်တော်ရုံးဝင်းအတွင်း၌တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီပြည်နယ်၊တိုင်းတရားသူကြီးချုပ်တို့အလုပ်ရုံဆွေးနွေးပွဲကို လွှတ်တော်ရုံးဝင်းအတွင်း I12ခန်းမ၌ကျင်းပခဲ့သည်။အလုပ်ရုံဆွေးနွေးပွဲသို့အဖွဲ့ချုပ်ဥက္ကဌ၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဌသူရဦး အောင်ကိုအပါအ၀င်၊တရားဥပဒေ
စိုးမိုးရေးကော်မတီဝင်များတက်ရောက်ခဲ့သည်။
တရားဥပဒေစိုးမိုးရေးဥက္ကဌမှအမှာစကားပြောကြားရာတွင်မြန်မာပြည်၏ယိမ်းယိုင်နေသောတရား
ီရင်ရေးတည့်မတ်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ရာတွင်တရားဥပဒေစိုးမိုးရေးကော်မတီနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင်တရားဥပဒေများစိုးမိုးဖို့လိုအပ်ကြောင်း၊တရားဥပဒေများသည်ပြည်သူကိုအကာအကွယ်ပေးဘို့လိုအပ်ကြောင်း၊တရားသူကြီးများအနေဖြင့်မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့တရားဥပဒေဘက်ကခိုင်ခိုင်မာမာရပ်ဖို့လိုအပ်ကြောင်း၊၊ပြည်သူတို့၏မျက်နှာကိုသာကြည့်ဖို့လိုအပ်ကြောင်း၊ယင်းအချက်များသည် တရားသူကြီးများ၏ဂုဏ်သိက္ခာပင်ဖြစ်ကြောင်းဆွေးနွေးပြောကြားသွားခဲ့သည်။ပြည်သူများကတရားရေးမဏ္ဍိုင်၏ယိမ်းယိုင်မှုများရှိနေလို့သာလျှင်တိုင်ကြားကြခြင်းဖြစ်ကြောင်းနှင့်နောင်တွင် ဤကဲ့သို့မဖြစ်ရန်တာဝန်ရှိသောတရားသူကြီးများအနေဖြင့်မိမိတို့ကော်မတီနှင့်ပူးပေါင်းဆောင်      ရွက်ရန်တိုက် တွန်းပြောကြားသွားသည်။
တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဌမှလည်းတရားစီရင်ရေးကော်မတီထံတွင်တိုင်ကြား

ာပေါင်းထောင်နှင့်ချီ၍ရောက်ရှိနေကြောင်း၊တိုင်ကြားသူများထံသို့လည်းအကြောင်းကြားစာများပြန်ပို့ပေးနေကြောင်းနှင့်တရားသူကြီးများအားလုံးမှလည်းအခက်အခဲများနှင့်ယင်းတို့၏ လုပ်ဆောင်ချက်များကိုပြန်လည်ဆွေးနွေးခဲ့ကြသည်။ကော်မတီဝင်များမှလည်းအပြန်အလှန် ဆွေးနွေးကြပြီး၊ဆွေးနွေးပွဲကိုည(၈)နာရီခန့်တွင်ပြီးဆုံး သွားခဲ့သည်။