Tuesday, October 30, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကြီးမှူးသော လူငယ်ဖွံ့ဖြိုးမှုအစီအစဉ် သင်တန်း

၂၀၁၂-၁၀-၃၀ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပထမဆုံးအကြိမ်ဦးစီးဖွင့်လှစ်သော ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့  အဖွဲ့စည်းဆိုင်ရာ သင်တန်း(လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်)မှ သင်တန်းသားများသည်၂၉၊၁၀၊၂၀၁၂ နေ့၊      နံနက် ၉းဝဝ နာရီက ရန်ကုန်မြို့ရှိ Mary Chapmanဆွံ့အနားမကြားကျောင်းသို့ လေ့လာရေး အဖြစ်ရောက်ရှိခဲ့သည်။
ထို့နောက် ရန်ကုန်မြို့၊ဒဂုံမြောက်ပိုင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခရိပ်မြုံကလေး သူငယ်စောင့်ရှောက်ရေးဂေဟာနှင့်သီတဂူဗုဒ္ဓတက္ကသိုလ်သို့လည်း သွားရောက်လေ့လာခဲ့ကြသည်။

ဒုတိယကျောင်းအုပ်ဆရာမကြီးဒေါ်ညွန့်ညွန့်သိန်းက Mary Chapman ဆွံ့အနားမကြားကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောပြစဉ်။