Tuesday, October 30, 2012

မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်မြို့တွင်လာရောက်ဆန္ဒပြ

မိုးထိမိုးမိ ရွှေလုပ်သား ၄၀ ကျော် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့တွင်ဆန္ဒပြ ရန်ကုန်၊ အောက်တိုဘာ ၂၉၊ ၂၀၁၂၊ ယခုနှစ်ဇွန်လတွင် ရွှေမြင်တင်တောင်အနီးတွင်အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ်သားများ ချုပ်ဆိုခဲ့သည့် စာချုပ်ပါ အချက်အလက်
များကို ကုမ္ပဏီဘက်မှ မလိုက်နာသဖြင့် ရွှေလုပ်သားများက ယနေ့နံနက် ၉နာရီမှ ၁၂ နာရီထိ ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ ဦးရေ ၄၀ ရှိပြီး ရမည်းသင်းမှ ရန်ကုန်သို့လာရောက်
ရသည့် လမ်းစရိတ် အခက်အခဲကြောင့် မလာရောက်နိုင်သည့် အလုပ်သမားများလည်း ရှိသည် ဆန္ဒပြသူများက ပြောသည်။ ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားခဲ့ရာတွင် တရားဝင်ခွင့်ပြုခဲ့ပြီး
နောက် ယနေ့နံနက်ပိုင်းတွင် ပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများက အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ လက်ဝါးကြီးအုပ်ခြင်းကို ဆန့်ကျင်ရေး၊ ရွှေမြင်တင်စာချုပ် လိုက်နာရေး အစရှိသည့် 
ပိုစတာများ ကိုင်ဆောင်ကာ ၃ နာရီကြာ ဆန္ဒပြခဲ့ကြသည်။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှလည်း အချောင်လိုချင်စိတ်သည် မိမိလူမျိုးနှင့် တိုင်းပြည်အကျိုး ထိခိုက်ပျက်စီးစေသည် အစရှိသော စာသားများ ပါရှိသည့် ပိုစတာများကို ရုံးရှေ့မျက်နှာစာတွင် တင်ထားသည်ကိုတွေ့
ရသည်။ YPI