Monday, October 29, 2012

၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်းဆွေးနွေးဟောပြောပွဲ(အလုံမြို့နယ်)

၂၈၊၁ဝ၊၂ဝ၁၂ နေ့၊ညနေ ၆းဝဝနာရီတွင် ရန်ကုန်တိုင်း၊အလုံမြို့နယ်၊သစ်တောလမ်းရှိ ဇောတနာ
ရာမကျောင်းတိုက်၌ ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်း   ဟောပြောဆွေးနွေးပွဲကိုကျင်းပခဲ့သည်။အဆိုပါ ဟောပြောပွဲသို့၈၈မျိုးဆက်ကျောင်းသားများ
ဖြစ်ကြသော မင်းကိုနိုင်၊ကိုပြုံးချို၊ကိုဇော်မင်း၊စမ်းချောင်းကိုကိုကြီး၊မမာမာဦး၊မမေသွယ်ဦး၊မသက်
သက်အောင် ၊မမာယာ၊စည်သူမောင်....စသော ၈၈မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး၊
မင်းကိုနိုင်၊ကိုပြုံးချို၊မမာမာဦးနှင့်မသက်သက်အောင်တို့က ဆွေးနွေးဟောပြောခဲ့ကြသည်။