Monday, April 30, 2012

ကျမ်းသစ္စာဆိုချက် တောင်းဆိုမှုကို အများ၏တောင်းဆိုမှုများအရ လိုက်လျှော့ပေးလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အခြေခံ ဥပေဒပါ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုချက် စာသားတွင် အခြေခံဥပဒေကို ‘ထိန်းသိမ်း ကာကွယ်စောင့်ရှောက်’ မည်ဟူသည့် အသုံးအနှုန်းအစား ‘လေးစားလိုက်နာ’ မည်ဟူသည့် အသုံးအနှုန်း ပြင်ဆင်ပေးရန် ကြိုးပမ်းအကြံပြုချက်အား  အခြေအနေ
 အရ လိုက်လျှောပေးလိုက်ခြင်းဖြစ်သည်။ပြည်သူ့ဆန္ဒအရ၊မဟာမိတ်များဆန္ဒ္ဒအရအဖွဲ့ချုပ်လွှတ်တော်  ကိုယ်စားလှယ်များလွှတ်တော်တက်မည်။

 တနင်္ဂနွေနေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်
 ဒေါက်တာအေးမောင်နှင့် အတူ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးတို့က ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်တွင် လာရောက်တွေ့ဆုံ၍ NLD လွှတ်တော် တက်ရောက်ရန် မေတ္တာရပ်ခံခဲ့ပြီး  ယခုကဲ့သို့ NLD အနေဖြင့် လိုက်လျှော့မှုကို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။