ပြန်ကြားရေးဝန်ကြီးဌာန နှင့် International Media Support (IMS)တို့ ပူးပေါင်း၍ မြန်မာ့ပုံနှိပ်မီဒီယာ
များ နည်းဥပဒေ နှင့် ပတ်သက်၍ Print Media Regulation in Myanmar ဟူ သော ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက် နေ့က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့သည်။ဆွေးနွေးပွဲကို နံနက် ၉ နာရီ တွင် စတင်ခဲ့ပြီး ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦး ရဲထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
IMSမှ တာဝန်ရှိ သူMr. Ranga Kalasooriya လည်း အမှာစကား ပြောခဲ့ပြီး ပြည်ပ ပညာရှင် မစ္စတာ
တိုဘီ မန်ဒယ် နှင့် ပြည်တွင်းပညာရှင် ဒေါက်တာ ကျော်ဇောနိုင်တို့က ဦးဆောင်၍ Key International Standards and Main Issues for Myanmar ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီ ယာလောက၏ လက်ရှိအခြေအနေ များကို သုံးသပ် ဆွေးနွေးခဲ့သည်။ ထို့ နောက် နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိကြသော စံပြုပုံစံများဖြစ် သော self-regulation, co-regulation နှင့်statutory regulation တို့အကြောင်းကို မစ္စတာတိုဘီ မန်ဒယ်က ဟောပြောခဲ့ပြီး မည်သည့် စံပြု ပုံစံသည် မြန်မာ့ ပုံနှိပ်မီဒီယာလော ကနှင့် လိုက်လျော ညီထွေဖြစ်မည် ကို ဆွေးနွေးပွဲတက်ရောက်လာသူ များက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။ညနေပိုင်း ဆွေးနွေးပွဲတွင် မကြာမီ ဖွဲ့စည်းဖွယ်ရှိသော စာနယ် ဇင်းကောင်စီနှင့် ပတ်သက်ပြီး မစ္စတာ တိုဘီမန်ဒယ်က သုံးသပ် ဆွေးနွေးခဲ့ သည်။
ထို့နောက် စာနယ်ဇင်း ကောင်စီကို မည်ကဲ့သို့ ဖွဲ့စည်း သင့်ကြောင်း၊ မည်သည့်အလွှာမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါရှိသင့် ကြောင်း၊ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများ၊ စာနယ်ဇင်း ကောင်စီ၏ ရပ်တည်ချက် (မီဒီယာ လောကကို ချုပ်နှောင်ခြင်း
သို့ မဟုတ် ကာကွယ်ခြင်း) စသည့် အကြောင်းအချက်တို့ကို တက် ရောက်လာ သူများက ဆွေးနွေးခဲ့ကြသည်။ အခြားနိုင်ငံများတွင် ကျင့်သုံး နေကြသော ကျင့်ဝတ် စည်းကမ်း
များနှင့် ပတ်သက်၍လည်း မစ္စတာ တိုဘီမန်ဒယ်က ၄င်း၏ အတွေ့ အကြုံနှင့် ယှဉ်၍
ဟောပြောခဲ့သည်။
ဆွေးနွေးပွဲ၏ နောက်ဆုံး အပိုင်းအနေဖြင့် သတင်းရင်းမြစ် များနှင့် ပတ်သက်၍ အသိအမှတ်ပြု စောင့်ထိန်းကာကွယ်ခြင်း၊ သတင်း မီဒီယာများ မှတ်ပုံတင်ခြင်းနှင့် ကွဲ ပြားခြား
နားသော သတင်းမီဒီယာ များအကြောင်း တို့ကို ဆွေးနွေးခဲ့ ပြီး ညနေ ၅ နာရီတွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ IMSမှ ပညာရှင်များ၊ ပြည်တွင်းပြည်ပ မှ ဖိတ်ကြားထားသော ပညာရှင် များနှင့် ပြည်တွင်းမီဒီယာများမှ ဖိတ်ကြားခံ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ PMNJ